Feature Writing Awards 2018

The Best Feature Award – Kyaw Zayya ရွှေကိုယူသည် မြေကိုယူသည် ဒုက္ခတွေပေးခဲ့သည် မော်ကွန်းမဂ္ဂဇင်း၊ အမှတ် ၄၆   The Best Untold Feature Award – Hein Thar အင်းလျားကန်ကိုကယ်တင်ကြ 7 Day News Journal, Vol. 16, No.2   The Best Public Service Feature Award – Htet Arkar Kyaw & Moe Kyaw ဘုရားအလှူငွေတွေ ပွင့်လင်းမြင်သာမှုရှိသင့်ပြီလား 7 Day News Journal, Vol. 16, No. 35  …

The Best Timeless Feature Award

ဗိုလ်ချုပ်ချင်းပြိုင် ဘယ်သူနိုင် ဟိန်းသာ 7 Day News Journal, Vol. 16, No. 16   ဘောလုံးကွင်းတစ်ကွင်းစာအကျယ်ရှိ ပန်းခြံတစ်ခုတွင် အဖွဲ့နှစ်ခုက ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် နေရာယူ၍ထားသည်။ ပန်းခြံ ဘယ်အစွန်အဖွဲ့က အပြာရောင် ဆိုင်းဘုတ်၊ အပြာရောင်အမိုးတို့ ဖြင့် အပြာရောင်အဖွဲ့အသွင်ယူ ထားသလို ညာအစွန်အဖွဲ့ကလည်း အနီရောင်ဆိုင်းဘုတ်၊ အမိုးတို့ဖြင့် အနီရောင်အဖွဲ့အဖြစ် အခိုင်အမာ နေရာယူထားသည်။ အပြာအဖွဲ့က ပန်းခြံဘယ်အစွန်တွင် စင်မြင့်တစ်ခုဆောက်လုပ်နေသည်။ ဘိလပ်မြေများ၊ ကျောက်စရစ်များ၊ သံတိုင်များဖြင့် အလုပ်သမားအချို့ ခပ်သွက်သွက်အလုပ်ရှုပ်နေသည်။ ညာအစွန်မှ အနီအဖွဲ့ကလည်း အလားတူ စင်မြင့်တစ်ခုဆောက်လုပ်ရန် အလုပ်သမားအနည်းငယ်နှင့် မြေတူးခြင်း၊အုတ်စီခြင်းတို့ကို ခပ်မြန်မြန်လုပ် ဆောင်နေ၏။ တစ်မြို့နယ်တည်းရှိ ထိုအဖွဲ့နှစ်ဖွဲ့က ထိပ်တိုက်အားပြိုင်မှုတစ်ခုအသည်းအသန် ပြုလုပ်နေသည်မှာ နှစ်ပေါက်နေပြီဖြစ်သည်။ လာမည့်ရှေ့လတွင်တော့ လပေါင်း…

The Best Human Face Feature Award

သုံးဘီး ဘက်ထရီလှည်းပေါ်က ဘဝများ နန်းနှင်းသက်ဝေခိုင် တိုင်းလိုင်ရှမ်းနီအသံဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၁   မန္တလေးမြို့ရဲ့  လူစည်ကားတဲ့ အထင်ကရနေရာတွေမှာ ဆိုင်ကယ်နဲ့ကားတွေ  ရှုပ်ထွေးစွာသွားလာ နေတဲ့ကြားမှာ ဘီးသုံးဘီးပါတဲ့ လှည်းလေးတွေနဲ့ သူတို့ကို တွေ့မြင်နိုင်ပါတယ်။ သူတို့တွေကတော့ ကိုယ်အဂါၤမသန်စွမ်း သူတွေဖြစ်ပြီးတော့ လှည်းလေးနဲ့ ထီရောင်းပြီး ဘဝကို အမှီခိုကင်းကင်းနဲ့ ရူန်းကန်လုပ်ရှား ရှင်သန်ရပ်တည်နေကြသူတွေ ဖြစ်ပါတယ်။ သူတု့ိထဲက အသက်၂၉နှစ်အရွယ် မျက်ခုံးကောင်းကောင်း၊အသားညိုညို၊တုတ်တုတ်ခိုင်ခိုင် ခန္ဓာကိုယ်ပိုင်ရှင် ကိုရမ်ဘိုဟာ အသက်တစ်နှစ်အရွယ်ခန့်က ပိုလီယိုရောဂါကြောင့် အောက်ပိုင်းအကြောသေသွားခဲ့ပြီး သူ့ခြေထောက်တွေကို အသုံးမပြုနိုင်တော့ပေမဲ့ ခုချိန်မှာ ဒီလှည်း လေးအကူအညီနဲ့ ထီရောင်းရင်း အိမ်ရဲ့ဝင်ငွေကို တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးနေသူပါ။ ”ဒီလှည်းလေးက ကျွန်တော့ခြေထောက်ပါ”လို့ လှည်းပေါ်မှာတင်နေတဲ့ဖုန်တချို့ကို သုတ်ရင်း သူကပြောပါတယ်။ ဘီးသုံးဘီးပါပြီး  ဘက်ထရီတပ်ဆင်ထားတဲ့ လှည်းလေးအသုံးမပြုနိုင်ချိန်တုန်းက…

The Best Impact Feature Award

မတည်ငြိမ်မှုတွေနဲ့ ရခိုင်မြောက်ပိုင်း စီးပွားရေး ပိုမိုဆိုးရွားလာမှာလား မိုးအောင် DVB Burmese   မြေပုံ မြို့သစ်ရပ်ကွက်က အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ဒေါ်စိုးချေဟာ မွတ်ဆလင် ဒုက္ခသည်စခန်းတွေဆီ ရိက္ခာရောင်းဝယ်မှုတွေနဲ့ စီးပွားပြုလုပ်တယ်ဆိုပြီး မြို့လူထုတချို့ရဲ့ တားမြစ်တိုက်ခိုက်ခြင်းကို စက်တင်ဘာလ ၁၂ ရက်နေ့က ခံလိုက်ရပါတယ်။ မျက်နှာပေါ်မှာ ရိုက်နှက်ခံရတဲ့ဒဏ်ရာ အနည်းငယ်ရှိနေတဲ့ ဒေါ်စိုးချေက သူ ရိုက်နှက်ခံရတဲ့  ဖြစ်စဉ်အပေါ် တရားစွဲဆိုဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ “ကျမကို ရိုက်နှက်ခဲ့တဲ့သူတွေကို ကျမ ပြန်တရားစွဲမယ်၊ ကျမကို အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ကြတာ၊ ကုလားတွေဆီ ပစ္စည်းရောင်းတယ်ဆိုပြီး။” မြေပုံမြို့မှာ မွတ်ဆလင်တွေဆီ ကုန်ပစ္စည်းတွေ ရောင်းဝယ်တယ်ဆိုပြီး ပစ္စည်းတွေ သိမ်းယူ တားဆီးမှုကို ၂၀၁၂ ခုကနေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ မြို့ရဲ့အနီးမှာရှိတဲ့…

The Best Natural Resource Feature Award

သယံဇာတထောင်ချောက်ကို လှမ်းမြင်နေရတဲ့ ရေနံမှော်များရဲ့ ရွှေခေတ်အလွန် နေအောင် Myanmar Times, December 21, 2017   မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရေနံမှော်လို့ခေါ်တဲ့ လက်ယက်တွင်းရေနံမြေတွေ ခေတ်စားခဲ့တာ ဆယ်စုနှစ် တစ်ခုကျော်လာခဲ့ပါပြီ။ ရေနံမှော်တစ်ခုပြီးတစ်ခု လှည့်လည်ကျက်စားကြတဲ့ ရေနံမုဆိုးတွေကြား ကြီးပွားချမ်းသာသွားသူရှိသလို ပျက်စီးဆုံးရှုံးခဲ့သူတွေလည်း အများပင်။ ရေနံမှော်တွေကြောင့် သူဌေးဖြစ်ခဲ့တဲ့ ဒေသခံတွေရှိသလို အထွက်နှုန်းလျော့ကျသွားတဲ့ ရေနံမှော်အနီးအနားမှာဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့ ဒေသခံတွေလည်း အများသားပါပဲ။ မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်းက ရေနံလက်ယက်တွင်းတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်လျှောက် ရေနံထွက်ရှိမှုအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ မင်းလှမြို့နယ်ထဲက ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကျေးရွာတချို့ဟာ ရေနံမှော်တန်ခိုးနဲ့ တစ်အိမ်ထောင် ကားတစ်စီးပိုင်ဆိုင်တဲ့အထိ စီးပွားရေးပြေလည်ခဲ့ကြပါတယ်။ မင်းလှမြို့နယ်ထဲမှာ စိုက်ပျိုးရေးလုပ်ငန်းကို ကျောခိုင်းပြီး ရေနံတူးတဲ့လုပ်ငန်းကို ဒေသခံတွေ ပြောင်းလဲလုပ်ကိုင်လာကြတာ ဆယ်စုနှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ရေနံမှော်လုပ်ငန်းရဲ့အကျိုးအမြတ်က သူတို့ရဲ့ ဝင်ငွေစီးကြောင်းကို အဆမတန်…

The Best Extractive Industry Feature Award

Plundered jade mountains leave gaping hole in govt revenue Printed by Frontier Myanmar, Volume 3, Issue 25, December 14,2017.   The government is conducting a long-overdue review of the opaque, graft-riddled jade industry, which is dominated by powerful vested interests whose activities are costing Myanmar billions of dollars a year in lost revenue.   By…

The Best Human Right Feature Award

ပဋိပက္ခကြားက မြေစာပင်များ By ဇာလီမြင့်ဦး၊ အောင်ဇော်ထွန်း On Thu, 2017-11-09 22:30 Issue No. အတွဲ (၁၆)၊ အမှတ် (၃၅)   နှစ်ပေါင်း ၇၀ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော ပြည်တွင်းလက်နက်ကိုင်ပဋိ ပက္ခများအကြား အစဉ်အမြဲမေးခွန်းထုတ်ခံရသည့်အချက်တစ်ခုရှိသည်။ တည်ဆဲဥပဒေများက လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသရှိ ဒေသခံတိုင်းရင်းသားများ၏ အသက်၊ အိုးအိမ်၊စည်းစိမ်နှင့် ဂုဏ်သိက္ခာတို့ကို မည်မျှအကာအကွယ်ပေးနိုင်စွမ်းရှိသည်ဟူသည့်အချက်ပင်ဖြစ်သည်။ လက်ရှိအချိန်အထိ အဆိုပါမေးခွန်းအတွက်  လက်တွေ့အဖြေပေးနိုင် သည့်ဖြစ်စဉ်မတွေ့ရသေးဟု လေ့လာသူများက ဆိုသည်။ ထို့အတူ တိုင်းရင်းသားဒေသ များတွင် ဖြစ်ပွားခဲ့သည့် လက်နက် ကိုင်တပ်ဖွဲ့များ၏ ဥပဒေပြင်ပ ကျူးလွန်မှု ဖြစ်စဉ်များကလည်း နှစ်ဖက်ယုံကြည်မှုတည်ဆောက် နေသည့် ငြိမ်းချိမ်းရေးလုပ်ငန်းစဉ် အပေါ် ထိခိုက်နိုင်ကြောင်း သုံး သပ်သည်။ လက်နက်ကိုင် ပဋိပက္ခများ မရပ်စဲသေးသည့်…

The Best Social Justice Feature Award

တရားမျှတမှုကို လိုချင်တဲ့ ဒေါ်မဂျီခေါန်နန် By နန်းလွင်နှင်းပွင့် 4 October 2017   အရောင်မွဲနေတဲ့ အကျီနဲ့ ခပ်နွမ်းနွမ်းထဘီကို ဝတ်ဆင်ထားပြီး အဝတ်ဟောင်းစ တစနဲ့ ၃ လသား ကလေးငယ်ကို ရင်ခွင်မှာ လွယ်ထားတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ကချင်အမျိုးသမီးဟာ သူ့ခင်ပွန်းသည်အတွက် တရားမျှတမှုကို စိန်ခေါ်ဖို့ အုတ်တံတိုင်း အခိုင်အမာခတ်၊ သေနတ်ကိုင် အစောင့်အကြပ်တွေရှိတဲ့ ခြံဝန်းထဲကို ဝင်လာပါတယ်။ လုံခြုံရေးအရ စစ်ဆေးတဲ့ စစ်သမီးတွေနဲ့ စစ်သားတွေဆီမှာ သူက အစစ်ဆေးခံပြီး မန်စီမြို့အခြေစိုက်၊ ခြေမြန်တပ်ရင်း- ခမရ ၃၁၉ ဧည့်စာရင်း စာရွက်မှာတော့ ဦးလဗျ နော်ခွန်၏ ဇနီး ဒေါ်မဂျီခေါန်နန် လို့ ရေးလိုက်ပါတယ်။ ဒေါ်မဂျီခေါန်နန်က ၂၀၁၄ ခုနှစ်မှာ သူနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊…

The Best Public Service Feature Award

ဘုရားအလှူငွေတွေ ပွင့်လင်းမြင်သာမှုရှိသင့်ပြီလား By ထက်အာကာကျော် မိုးကျော် On Thu, 2017-11-09 22:30 Issue No. အတွဲ (၁၆)၊ အမှတ် (၃၅)   ‘‘သူ့ဗိုက်ကို ခွမကျော်နဲ့၊ ငရဲ ကြီးတတ်တယ်’’ ‘‘ဘာဖြစ်လို့လဲကွ’’ ‘‘သူ့ဗိုက်ထဲမှာ ဌာပနာတွေ ရှိလို့’’ ဘုရားလှူသည့် ပိုက်ဆံခိုး စားသူများကို ရည်ညွှန်းသည့် လူရွှင်တော်များ၏ နာမည်ကြီးပြက်လုံးတစ်ခုဖြစ်သည်။ ‘ဘုရားအလှူငွေတွေ ပွင့်လင်းမြင်သာမှုရှိသင့်ပြီလား’ ဟူသည့်မေးခွန်းကို ကျိုက်ထီးရိုးစေ တီတော်၏ ၂ နှစ်အတွင်းရရှိခဲ့သည့် အလှူငွေကိန်းဂဏန်းနှစ်ခု  အဖြေပေးသည်။ ၂ နှစ်အတွင်း ငွေကြေးကွာဟမှုက ကျပ်သန်း လေးထောင်ကျော် ရှိနေ၍ဖြစ်သည်။ ဂေါပကအဖွဲ့ဟောင်းက အဖွဲ့သစ်သို့ လွှဲပြောင်းပေးသည့်ငွေသည် သန်းတစ်ထောင်ကျော်ဖြစ်သည်။ သို့သော် ဂေါပကအဖွဲ့သစ်တက်လာပြီးနောက် တစ်နှစ်အတွင်းအလှူငွေရရှိမှုသည် ကျပ်သန်းငါးထောင်ကျော်ဖြစ်သည်။ ရွှေဆိုင်းလုပ်ငန်းတွင် ယခင်…

The Best Untold Feature Award – Hein Thar

အင်းလျားကန်ကို ကယ်တင်ကြ By ဟိန်းသာ On Wed, 2017-03-15 08:30 Issue No. အတွဲ (၁၆)၊ အမှတ် (၂)   ရေပြင်ကျယ်ကြီးနှင့် မြက်ခင်းစိမ်း ကန်ပေါင်တို့က နှစ်ပေါင်းများစွာမှ ယခုတိုင်အောင် ရန်ကုန်နှင့် တစ်သားတည်းရှိနေခဲ့သည်။ အရောင်အသွေးစုံသည့် လူပေါင်းများစွာကို သည်မြက်ခင်းစိမ်းတို့က နေ့ညမပြတ် ထမ်းပိုးထားလေ့ရှိသည်။ လှုပ်ရှားပြေးလွှားနေသော လူများ၊ ငြိမ်သက်ငေးမောနေသော လူများနှင့်သည် နေရာသည် ရန်ကုန်မြို့၏ အလှပဆုံးသော နေရာတစ်ခုပင်ဖြစ်သည်။ နံနက်ပိုင်းတွင် ကန်ပေါင်ပေါ်၌လှုပ်ရှားပြေးသွားနေသူများရှိသည်။ နေ့လယ်ပိုင်းတွင် အပျင်းပြေမုန့်စားရင်း၊ စကားပြောရင်း လာလည်သူများရှိသည်။ ညပိုင်းချိန်များဆိုလျှင် အင်းလျားက လည်ပတ်အပန်းဖြေစရာ။ အခါ ကြီးရက်ကြီးများဆိုလျှင် အင်း လျားကန်ပေါင်က တိုးမပေါက် တော့။ အင်းလျားကန်ပေါင် တံတားဖြူနှင့် လမ်းနီနှစ်ခုရှိသည့် အနက် ပြည်လမ်းတံတားဖြူကန်…