The Best Public Service Feature Award

လူတို့၏ အနီးဆုံးရန်သူ အောင်ဖေကြည်စိုး The Myanmar Times Weekly, December 20, 2018   မနက်မိုးလင်းပြီဆိုတာနဲ့ တယုတယစိုက်ထားတဲ့ ပန်းပင်တွေ ဟိုတစ်စ၊ ဒီတစ်စ ပြန့်ကျဲနေတာ တွေ့ရရင် ဒေါ်ထိုက် တစ်ယောက် အင်မတန် စိတ်ညစ်ရပါတယ်။ မြေညီထပ်ကနေ သူနေထိုင်ရာ ပထမထပ်အထိ အမြင့်ကို တက်လာပြီး ပန်းပင်တွေကို ကိုက်ဖြတ်တဲ့ လက်သည် တရားခံကတော့ ကြွက်တွေပါပဲ။ တစ်နေ့တစ်နေ့ ကြွက်ကိုက်လို့ ပြန့်ကျဲနေတဲ့ ပန်းပင်အစအနတွေကို ကောက်ပြီး သန့်ရှင်းရေးလုပ်ရတာကလည်း အလုပ်တစ်ခုလိုပါပဲ။ ကြွက်တွေက ဘာကြောင့် ဒေါ်ထိုက်တို့နေတဲ့ ပထမထပ်အထိ တက်လာတာပါလဲ။ အဖြေကတော့ ရှင်းပါတယ်။ သူတို့ စားသောက်ဖို့အတွက် အစာရှိနေလို့ပါပဲ။ စာကလေးငှက်တွေကို ပုံမှန်အစာကျွေးတဲ့ခွက်မှာ ထမင်းစေ့အကျန်တွေ ရှိနေတတ်ရင်ဖြစ်ဖြစ်၊ သန့်ရှင်းမှုမရှိလို့ဖြစ်ဖြစ် စားစရာ…

The Best Human Rights Feature Award

အဓမ္မကြောင့်ရလာတဲ့ကိုယ်ဝန်ကို ဖျက်ချခွင့် ပေးသင့်၊ မပေးသင့် ဟေမာန်ပြည့် Mawkun Magazine, No. 54   မဖြူဖြူ (အမည်လွှဲ) အသက် ကိုးနှစ်အရွယ်တွင် အဖေနှင့်အမေ ကွဲသွားခဲ့သည်။ သူ့ညီမနှင့်အတူ ဖခင်ထံတွင် ကျန်ရစ်ခဲ့သည်။ ထို့နောက် သူ ကျောင်းထွက်လိုက်ရ၏။ ဖခင်ဖြစ်သူမှာ လက်သမားဖြစ်ပြီး အရက်ကို စွဲစွဲမြဲမြဲ သောက်လေ့ရှိသူ။ အရက်မူးလာလျှင် မဖြူဖြူတို့ ညီအစ်မနှစ်ဦးကို အမြဲရိုက်နှက်သည်။ ပြီးခဲ့သည့်နှစ် မိုးတွင်းကာလညတစ်ညတွင်  ညီမနှစ်ယောက် အိမ်ပေါ်ထပ်တွင် အိပ်နေစဉ် ဖခင်ဖြစ်သူသည် မဖြူဖြူကို အဓမ္မပြုကျင့်လေတော့သည်။ ထိုအကြောင်းကို ပတ်ဝန်းကျင်သို့ပြန်ပြောလျှင် ညီအစ်မ နှစ်ယောက်စလုံးကို သတ်မည်ဟု မဖြူဖြူကို ခြိမ်းခြောက်သည်။ ပတ်ဝန်းကျင်ကို မပြောနိုင်စေရန် သူအလုပ်သွားသည့်အချိန်တွင် အိမ်တိုင်တွင် ကြိုးနှင့် ချည်ထားသည်။ တစ်ခါတစ်ရံ ခြေထောက်ကို သံကြိုးဖြင့်…

The Best Environmental Feature Award

မြစ်ဧရာရင်ခွင်တွင် ငါးမျိုးသုဉ်းလုချိန် မိုးကျော် 7 Day News, Vol. 17, No. 3   အညာနွေ အပူရှိန်ကြောင့် ဧရာဝတီမြစ်၏ ရေလှိုင်းများပေါ်တွင် တံလျှပ်လှိုင်းများကိုပါ ထပ်၍ မြင်နေရသည်။ ထိုတံလျှပ်လှိုင်းတို့ထနေသည့် အပူရှိန်အောက် ဧရာဝတီမြစ်အလယ် သဲသောင်ပြင်ဖြူလွလွပေါ်တွင် တဲအိမ်ငယ် ငါးဆယ်ခန့်က အညာ နွေအပူကို အန်တုလျက် တည်ရှိနေသည်။ ထို့အတူ ကလေးငယ်အချို့ကလည်း အပူရှိန်ကို အန်တုလျက် သဲသောင်ပြင်ပေါ်တွင် ဆော့ကစားနေကြသည်။ (၅) နှစ်ခန့်အရွယ်ရှိ ကလေးငယ်နှစ်ဦးကတော့ ရေအနည်းငယ်သာရှိသည့် ရေဇလုံအတွင်းမှ ပါးဟတ် ဟစိဟစိဖြစ်ကာ အသက်ထွက်လုဖြစ်နေသည့် တစ်တောင်ခန့်ရှိ ငါးထွေ (ငထွေ) ငါးကို ဆော့ကစားနေသည်။ ထိုငါးထွေက ကလေးငယ်နှစ်ဦး၏ ဖခင်တံငါသည် နံနက်ခင်းတစ်ပိုင်းလုံး ငါးဖမ်းထွက်ခဲ့သမျှ ရရှိခဲ့သည့် တစ်ကောင်တည်းသော ငါးဖြစ်သည်။…

The Best Social Justice Feature Award

ငရဲခန်းသို့ စာချုပ်ချုပ်၍ လိုက်မိခြင်း အောင်သစ်လွင် 7 Day News, Vol. 17, No. 40   ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ညွှန်ကြားချက်တစ်စောင်က ဖော်ထုတ်ရန်ခက်ခဲသော ရှုပ်ထွေးပွေလီနေသည့် မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှုပုံစံသစ်တစ်ခုဆီသို့ တွန်းပို့နေပါသည်။ ‘နိုင်ငံခြားသားများနှင့် မြန်မာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်းကိစ္စ’ ဟူသော ခေါင်းစဉ်ဖြင့် ယင်းညွှန်ကြားချက်သည် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းကိစ္စနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးနှင့် ဗုဒ္ဓဘာသာဝင် နိုင်ငံခြားသားတို့ပြုလုပ်သည့်  ထိမ်းမြားမင်္ဂလာကျမ်းကျိန်လွှာကို ခရိုင်တရားရုံး၊ ခရိုင်တရားသူကြီးကသာ ပြုလုပ်ပေးရမည်ဟုပါရှိသော ညွှန်ကြားချက်ကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြည်ထောင်စုတရားသူကြီးချုပ်က လက်မှတ် ရေးထိုးကာ ၂၀၁၂ ခုနှစ် မေလ ၉ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ နှစ်ကာအချို့ကြာလာသည့် အခါတွင်တော့ အထက်ပါညွှန်ကြားချက်ပါ အချက်အလက်များမှ လစ်ဟာချက်အချို့ကို…

The Best Field Reporting Feature Award

မိုင်းခင်းလမ်း၊ စစ်ဘေးဒုက္ခနဲ့ မယ်သဝေါ ဒေသ နန်းလွင်နှင်းပွင့် The Irrawaddy, February 28, 2018   နှစ်ပေါင်း ၅၀ ကျော် နေထိုင်ခဲ့တဲ့ မွေးရပ်မြေ ရွာလေးကို ပြန်သွားကြည့်ပြီးတဲ့ ဦးတကီး တယောက် သူ့ရွာကို သူ့ သားသမီး တွေ မြေးတွေ ခေါ်ပြီး ပြန်နေဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာ သိသွားပါတယ်။ အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ဦးတကီးနဲ့ သူ့သားသမီး၊ မြေးတွေ သိုက်သိုက်ဝန်းဝန်း နေခဲ့တဲ့ ဘောသရောရွာက စစ်ပွဲ ဒဏ် ကြောင့် လုံးဝပျက်စီးနေပါပြီ။ “ပြီးခဲ့တဲ့ရက်ပိုင်းက ရွာကို ကျနော်ပြန်သွားကြည့်တာ။ ရှေ့ကိုတောင် ဆက်မသွားရဲတော့ဘူး။ ခြုံတွေနဲ့ တောကြီးဖြစ် နေပြီ။ နေရဲစရာကို မရှိတော့ဘူး။ မိုင်းလည်း ကြောက်ရတယ်”လို့…

The Best Untold Feature Award

Profiteering from Death Chan Thar The Myanmar Times Weekly, August 13, 2018   Ma Phu Pwint could not get over the nightmare she underwent three months ago at Yangon General Hospital. The 22-year-old lady from Haing Gyi Island in Ayeyarwady Region accompanied her uncle to Yangon General Hospital to get his cancer treated. But after…

The Best Rule of Law Feature Award

ကျောက်ဆည်က ဥပဒေစိုးမိုးရေးရှာပုံတော် မြတ် (ကလေး) The Voice Weekly, May 19, 2018   “မင်းတို့ကို ဘယ်သူက ဖမ်းခိုင်းလို့ ဖမ်းတာလဲ။ အခု မြို့နယ်မှူးက လွှတ်ပေးဖို့ ငါ့ကိုကြိမ်းနေပြီ” အထက်ပါစကားသည် ကျောက်ဆည် မြို့မရဲစခန်းထဲမှ ထွက်ပေါ်လာသည့်စကားဖြစ်သည်။ ပြောဆိုသူက ဒုရဲမှူး အဆင့်ရှိသည့် အဆိုပါစခန်း၏  စခန်းမှူး ဒုရဲမှူးမြင့်ဦး ဖြစ်သည်။ တရားမဝင် သစ်ကားတစ်စီးကို ဖမ်းဆီးခဲ့သည့် ရဲတပ်သားနှစ်ဦးကို စခန်းမှူးရုံးခန်းအတွင်း ခေါ်ယူပြီး တစ်နာရီခန့် ကြာအောင် မတ်တတ်ရပ်စေ၍ အထက်ပါ စကားအတိုင်း ဆူပူကြိမ်းမောင်းခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်ရဲတပ်သားတို့က ပြန်လည်ပြောကြားသည်။ ထိုနေ့က သင်္ကြန်ကာလအပြီး တစ်ပတ်ခန့်အကြာ ဧပြီလ ၂၅ရက်နေ့ ဖြစ်သည်။ ကျောက်ဆည်မြို့မရဲစခန်းမှ ရဲတပ်သားနှစ်ဦးတို့သည် လက်ဖက်ရည်သောက်ရန်အတွက် မြို့ထဲသို့ ည…

The Best Human Face Feature Award

ဆလုံ နတ်ဆရာအို၏ နေညိုချိန် မင်းခန့် The Tanintharyi Weekly,Vol. 5, No. 39 Monday, May 07, 2018   သူသည် ဆလုံတို့၏ ထုံးစံအတိုင်း မိမိအသက် မည်မျှရှိပြီကို မသိပါ။ သူသိသည်က သူနှင့် ရွယ်တူတို့ သေဆုံးကုန်ကြလေပြီ။ တွန့်ရွနေသော သူ့ပါးရေနားရေများကြားရှိ စိုစွတ်စွတ် ရီဝေေ၀ မျက်လုံးများက စူးစူး စိုက်ကြည့်နိုင်ဆဲ။ သူ့နားနှစ်ဖက်ကြားစေ ရန်ကား အတော်ပင် အော်ပြောနေရပြီ။ သူသည် ဆလုံတစ်စု၏ ခေါင်းဆောင်ဖြစ်သည်။ တနင်္သာရီတိုင်းနှင့် ထိုင်းနိုင်ငံတဝှမ်း ပြန့်ကျဲနေသော ဆလုံမျိုးနွယ်စုများထဲမှ ဘုတ်ပြင်းမြို့နယ် ခင်ပြည့်စုံကျွန်းနှင့် ဗိုလ်ချိုကျွန်းတစ်ဝိုက်ရှိ ဆလုံတစ်စု၏ ခေါင်းဆောင်။ သူ့အမည်က ကာရှား။ ဆလုံလူမျိုးစု တစ်ခုလုံး၏ နောက်ဆုံးနတ်ဆရာ ဖြစ်လာဖွယ်ရှိသူ နတ်ဆရာအိုကြီး…

The Best Human Interest Feature Award

အင်းစိန်မှ ရှားလော့ဟုမ်းများ ဟိန်းသာ 7 Day News, Vol. 17, No. 28   အင်းစိန်မြို့နယ်သားများ၏ ရှားလော့ဟုမ်းဇာတ်လမ်းသည် မှောင်ရိပ်ခိုသူတစ်ဦးနှင့် ဆိုက်ကားတစ်စီးမှ စတင်ခဲ့လေသည်။ စက်တင်ဘာ ၇ ရက် မိုးစုံးစုံးချုပ်နေသည့် နံနက် ၂ နာရီခန့်တွင် အင်းစိန်မြို့နယ် ရပ်ကွက်အခြေပြုအဖွဲ့ဝင်နှစ်ဦး ရပ်ကွက်အတွင်း ကင်းလှည့်စစ်ဆေးနေသည်။ ခ (၁၁) လမ်း ဘုရင့်နောင်ရိပ်သာအရောက်တွင် လူတစ်ဦးသည် ဆိုက်ကားတစ်စီးနောက်တွင် ကုန်းကုန်းကွကွ လုပ်နေသည်ကို တွေ့ရ၏။ ကင်းလှည့်သူများက ‘‘ဘာလုပ်နေတာလဲ’’ ဟု မေးသောအခါ ကုန်းကွကွလုပ်နေသော အမျိုးသားက ‘‘ဆိုက်ကား နင်းနေတာလေဗျာ’’ ဟု ပြန်ဖြေလေသည်။ ကင်းလှည့်နေသူနှစ်ဦးသည် မသင်္ကာစရာအခြေအနေဟု ယူဆခဲ့သည်။ အင်းစိန်မြို့နယ်အတွင်း ဆိုက်ကားလိုင်စင်သည် အဝါရောင်ဖြစ်ပြီး အဆိုပါ ဆိုက်ကားလိုင်စင်သည် အပြာရောင်ဖြစ်နေ၏။…