Hello world!
Welcome to WordPress. This is your first post. Edit or delete it, then start writing!
Welcome to WordPress. This is your first post. Edit or delete it, then start writing!
Behind the numbers and names, an election picture emerges Kyaw Phone Kyaw Myanmar Times, September 2, 2015 While the 2010 election was Myanmar’s first in 20 years, it was like a lopsided football match in which the result was clear well in advance. With the constitution guaranteeing the military a deciding vote in parliament,…
မြန်မာပြည်ကဗမာတန်း နန္ဒ 7 Day Weekly, Vol. 24, No. 40, December 9, 2015 ‘‘ကမ္ဘာမှာ တရုတ်တန်းမရှိတဲ့ နိုင်ငံမရှိဘူး’’ဟူ၍ တရုတ်လူမျိုးများ ကမ္ဘာတွင် ပျံ့နှံ့နေထိုင်ရောက်ရှိမှုကို တင်စားပြောဆိုကြသည်။ သူတစ်ပါးနိုင်ငံများတွင် ကိုယ့်လူမျိုးအချင်းချင်း စုစည်းနေထိုင်ကြသည်ကို ဆိုလိုရင်းဖြစ်သည်။ ပြည်ပရောက် မြန်မာများအနေဖြင့်လည်း စင်ကာပူတွင်လည်းကောင်း၊ ထိုင်းတွင်လည်းကောင်း၊ မလေးရှားတွင်လည်းကောင်း မြန်မာတန်းများ အသီးသီးရှိနှင့်ပြီးဖြစ်သည်။ သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင်ရှိသော ဗမာတန်းကတော့ ထူးခြားလှသည်။ မြန်မာနိုင်ငံထဲ၌ပင်ရှိနေသော ဗမာတန်းဖြစ်သောကြောင့်ပင်။ မူးယစ်ဆေးဝါးများ၊ နိုင်ငံတကာပုံစံ ကာစီနိုဝိုင်းများဖြင့် နာမည်ကြီးသော လောက်ကိုင်သည် တရုတ်ယွမ်ငွေသုံးသော မြို့ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ချောင်းကလေးသာခြားပြီး နယ်နိမိတ်မှတ်တိုင် ၅၅ တိုင်အထိရှိသဖြင့် တရုတ်အငွေ့အသက်သာ ဖုံးလွှမ်းသော လောက်ကိုင်ကို ဒုတိယ…
အင်းဒင်ရွာက ပေးတဲ့ ငြိမ်းချမ်းရေးသင်ခန်းစာ 2015-09-17 at 4:09 AM ဇွန်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၄)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန်နှင့် ခင်မောင်မြင့် ရေးသည်။ မြန်မာနိုင်ငံက လူမျိုးရေး၊ ဘာ သာရေးဆန်တဲ့ ပဋိပက္ခတွေ အကြောင်းပြောကြရင် အား လုံးက ရခိုင်အရေးကိုပဲ အရင် ဆုံးပြေးမြင်တတ်ကြပါတယ်။ အဲဒီနောက်မှ မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်၊ နောက်ဆုံး မန္တလေးဖြစ် စဉ်တွေကို မြင်ကြတာပါ။ ရခိုင်အရေးဆိုရင်လည်း အားလုံးမျက်စိထဲမှာ မြင်နေကြ တာက ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေ အချင်းချင်းသတ်ဖြတ်နေတာ၊ တစ်ဖက်နဲ့တစ်ဖက် အမြဲလိုလိုရန်စောင်နေတာ၊ ယုံကြည်မှုတွေ ကင်းမဲ့ပြီး တစ်ဖက် နဲ့ တစ်ဖက် မုန်းတီးနေကြတာကိုပဲ ပြေးမြင်ကြပါတယ်။ အဲဒီလိုမြင်ရလောက်အောင်လည်း ၂ဝ၁၂၊ ဇွန်နဲ့ အောက်…
အမျိုးသမီးများကို စောင့်ကြိုနေသည့် နိုင်ငံရေးနယ်မှ စိန်ခေါ်မှုများ အိချယ်ရီအောင် Myanmar Now, October 1, 2015 ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) က ပါတီဝင်တစ်ဦးဖြစ်သည့် ဒေါ်နန်းမြဦး၏အမည်ကို ပြည်နယ်လွှတ်တော် တောင်ကြီးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းထုတ်ပြန်လိုက်သည့်နေ့တွင် ၎င်း၏မိသားစုအတွင်း ဗုံးတစ်လုံးပေါက်ကွဲသွားသည်။ “တောင်ကြီးလိုနေရာမျိုးမှာ မင်းပြိုင်မယ်ဟုတ်လား။ လုံးဝ မဖြစ်နိုင်ဘူး …လုံးဝမပြိုင်ရဘူး”ဟု ခင်ပွန်းဖြစ်သူက ပြင်းပြင်းထန်ထန်တားမြစ်ခဲ့ကြောင်း ဒေါ်နန်းမြဦးက ပြန်ပြောင်းပြောပြသည်။ နယ်မြေမငြိမ်သက်သည့်ဒေသဖြစ်သောကြောင့် မဲဆွယ်ကာလအတွင်း လုံခြုံရေးအရ စိုးရိမ်မိသဖြင့် ခင်ပွန်း ဖြစ်သူက တားမြစ်ခြင်းဖြစ်ပြီး ပါတီမှ ထွက်ရန်အထိပင် ဖိအားပေးခဲ့သည်ဟု ဆိုသည်။ ၎င်းသည် ပါတီအတွက် အမျှော်လင့်နိုင်ဆုံး ကိုယ်စားလှယ်လောင်းဖြစ်ကြောင်း အကြိတ်အနယ် ငြင်းခုံဆွေးနွေးပြီးသည့်အခါမှ ခင်ပွန်းဖြစ်သူက လက်လျှော့သွားခဲ့ကြောင်း ဒေါ်နန်းမြဦးက ပြောပြသည်။ ဒေါ်နန်းမြဦး…
ပုဂံမှာ ဘုရားတွေ ပုဂ္ဂလိကပိုင် အသိမ်းခံနေရပြီလား (အပိုင်း – ၁) သန်းထိုက် (မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ သမိုင်းအမွေအနှစ်၊ ရှေးဟောင်း စေတီပုထိုးမြောက်များစွာရှိသော ပုဂံဒေသ တွင်ဖြစ်ပေါ်နေသည့် အဂါရဝဆန်သည့် အပြုအမူများ၊ ရှေးဟောင်းစေတီများ အပိုင်သိမ်း ခံနေရသည့် ကိစ္စများ၊ လုပ်ငန်းရှင်အချို့၏ ဥပဒေမဲ့လုပ်ဆောင်မှုများအား တာဝန် ရှိသူများသိရှိပြီး အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန် မော်ကွန်းက စုံစမ်းဖော်ထုတ်ထားပါသည်။) ဧပြီ ၂၀၁၅ (ပုဂံ) ပုဂံကိုရောက်ပြီး နောက်တစ်ရက်တွင် ဘုရားတွေကိုသိမ်းထားသည်ဆိုသည့် ဟို တယ်များအနက် တစ်ခုသော ဟိုတယ်ထဲကို နံနက်စာစားရင်းနှင့် ကြည့်ဖို့ ရောက်သွားသည်။ စားစရာတွေမှာပြီးချိန်မှာတော့ ကျွန်တော် ဘေးဘီကို အကဲခတ် ကြည့်လိုက်မိသည်။ ဤနေရာ ပုဂံမြေမှဟုတ်ပါလေစ…။ ကျွန်တော်ထိုင်နေသည့် အရှေ့တည့်တည့်တွင်တော့ ပြာ လဲ့လဲ့ရေကူးကန်။ ရေကူးကန်ပတ်လည်တွင်တော့ ကမ်းခြေတွေ…
စစ်ပွဲများနှင့် ဝေးရာဆီ လေနှင်လာသော ပန်းကလေးများနှင့် မရေရာအနာဂတ် မောင်တာ 7 Day Daily, No.637, January 28, 2015 ‘‘ဘုန်း ဘုန်း ဘုန်း’’ စာသင်ခုံကို ကြိမ်လုံးဖြင့် ခပ်ပြင်းပြင်း သုံးလေးချက် ရိုက်ပုတ်လိုက်ချိန်မှာတော့ ဆူညံပွက်လောရိုက်နေသော အသံများ တိုးတိတ်သွားသည်။ အချင်းချင်း တွန်းထိုးနောက်ပြောင်ကာ ဆော့ကစားနေသော ကိုရင်ငယ် အရှင်ကုသလတို့မှာ ကြိမ်လုံးကိုင်ဝင်လာသည့် ဆရာမလေးကို မြင်တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် စာသင်ခန်း၏ နောက်ဆုံးခုံ၌ ပြန်လည်နေရာယူလိုက်ကြသည်။ ကတုံးပြောင်ပြောင်တွင် ပွေး၊ ဒက်များ ထူပျစ်စွာ ပေါက်နေပြီး ညစ်ထေးထေးသင်္ကန်းကို ခြုံသိုင်းထားသည့် ကိုရင်ကုသလမှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေရှိ သစ္စာဝေဒဂူဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ပထမတန်းကျောင်းသားတစ်ဦး ဖြစ်သည်။ သူ့ဇာတိက ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မှဖြစ်ပြီး…
ဥရုတကြောမှာရွှေမပေါတော့ရင် Ko Thet (Monywa) The Voice Weekly May 25, 2015 စံပြကျေးရွာကြီးတစ်ရွာဖြစ်သည် သို့သော်မြန်မာပြည်အတွင်းရှိအခြားစံပြကျေးရွာများထက် အဆပေါင်းများစွာအဆင့် မြင့်နေသည်၊ နောက်ဆုံးပေါ်ရောင်စုံကြွေပြားများ ကပ်ထားသည့်မိုးမျှော်တိုက်များ အဆင့်မြင့်အသုံးအဆောင်များ ရေပူရေအေးစက်များကို တပ်ဆင်ထားသည့် တိုက်တာအဆောက်အ ဦးများစွာသည် ရွာလည်လမ်းမကြီးဘေးဝဲယာတွင် ပြည့်သိပ်ညပ်နေသည်။ ရွာကိုဝင်လိုက်သည့်နှင့်ယာဉ်ငယ်များရပ်နားထားသည့်အသေးစားကားကွင်းငယ်တစ်ခုကိုမြင်တွေ့နိုင်သည်၊ ရွာလယ်ရှိတိုက်ကြီးများတွင် ကြီးမားသောရွှေဆိုင် ကြီးများ စက်ပစ္စည်းအပိုပစ္စည်း ရောင်းချနေသည့်ဆိုင်ကြီးများ၊ ပန့်ဖြင့်ဆီရောင်းချနေသည့်စက်သုံးဆီ ဆိုင်များ၊တည်းခိုခန်းများ၊ စားသောက်ဆိုင်များနှင့်အလှပြင်ဆိုင်များကို ဆက်လက်မြင်တွေ့နိုင်သည်။ ကတ္တရာလမ်း မရှိသောစံပြကျေးရွာကြီးအတွင်းတွင် နောက်ဆုံးပေါ် မော်ဒယ်မြင့် ကားမျိုးစုံကိုလည်းမြင်တွေ့ နိုင်သည်၊ခေတ်လူငယ်များအကြိုက်ပြိုင်ကားများပင်ထိုစံပြကျေးရွာကြီးတွင်နေထိုင်သူများပိုင်ဆိုင်ထား ကြသည်။ မြန်မာနိုင်ငံမြေပုံတွင် ထိုကျေးရွာကြီး၏အမည်နာမပါဝင်ခြင်းမရှိသော်လည်း မိုးမျှော်တိုက်ကြီးများ ခေတ်မှီအသုံးအဆောင်ပစ္စည်းများသည် မြို့တစ်မြို့နှင့်ပင်အလားသဏ္ဍာန်ဆင်တူသည်၊ထိုအရာ များကိုကြည့်ခြင်းဖြင့်စံပြကျေးရွာကြီး၏ချမ်းသာကြွယ်ဝမှုကိုမှန်းဆနိုင်သည်။ ရွှေလောပန်းတို့စီးပွားရေးဈေးကွက်ရှိရာ နမ့်တောစံပြကျေးရွာမှကြိုဆိုပါသည်။ စစ်ကိုင်းတိုင်း၏ရွှေအမြောက်အများထွက်ရာဟုမ္မလင်းမြို့နယ်အတွင်းမှဥရုချောင်းကမ်းပါးတွင်နမ့်တောစံပြကျေးရွာကြီးတည်ရှိသည်၊၁၀ စုနှစ်တစ်စုခန့်ရွှေတူးဖော်သူအများစုသည် နမ့်တောကျေးရွာပတ်ဝန်းကျင် တွင်လုပ်ကိုင်ရာမှနမ့်တောရွာသည်စီးပွားရေး အချက်အခြာကျသည့်ရွာဖြစ်လာခဲ့သည်၊လက်ရှိအချိန်တွင် နမ့်တောစံပြကျေးရွာဝန်းကျင်တွင်ရွှေတူး…
လူတို့၏ အနီးဆုံးရန်သူ အောင်ဖေကြည်စိုး The Myanmar Times Weekly, December 20, 2018 မနက်မိုးလင်းပြီဆိုတာနဲ့ တယုတယစိုက်ထားတဲ့ ပန်းပင်တွေ ဟိုတစ်စ၊ ဒီတစ်စ ပြန့်ကျဲနေတာ တွေ့ရရင် ဒေါ်ထိုက် တစ်ယောက် အင်မတန် စိတ်ညစ်ရပါတယ်။ မြေညီထပ်ကနေ သူနေထိုင်ရာ ပထမထပ်အထိ အမြင့်ကို တက်လာပြီး ပန်းပင်တွေကို ကိုက်ဖြတ်တဲ့ လက်သည် တရားခံကတော့ ကြွက်တွေပါပဲ။ တစ်နေ့တစ်နေ့ ကြွက်ကိုက်လို့ ပြန့်ကျဲနေတဲ့ ပန်းပင်အစအနတွေကို ကောက်ပြီး သန့်ရှင်းရေးလုပ်ရတာကလည်း အလုပ်တစ်ခုလိုပါပဲ။ ကြွက်တွေက ဘာကြောင့် ဒေါ်ထိုက်တို့နေတဲ့ ပထမထပ်အထိ တက်လာတာပါလဲ။ အဖြေကတော့ ရှင်းပါတယ်။ သူတို့ စားသောက်ဖို့အတွက် အစာရှိနေလို့ပါပဲ။ စာကလေးငှက်တွေကို ပုံမှန်အစာကျွေးတဲ့ခွက်မှာ ထမင်းစေ့အကျန်တွေ ရှိနေတတ်ရင်ဖြစ်ဖြစ်၊ သန့်ရှင်းမှုမရှိလို့ဖြစ်ဖြစ် စားစရာ…
အဓမ္မကြောင့်ရလာတဲ့ကိုယ်ဝန်ကို ဖျက်ချခွင့် ပေးသင့်၊ မပေးသင့် ဟေမာန်ပြည့် Mawkun Magazine, No. 54 မဖြူဖြူ (အမည်လွှဲ) အသက် ကိုးနှစ်အရွယ်တွင် အဖေနှင့်အမေ ကွဲသွားခဲ့သည်။ သူ့ညီမနှင့်အတူ ဖခင်ထံတွင် ကျန်ရစ်ခဲ့သည်။ ထို့နောက် သူ ကျောင်းထွက်လိုက်ရ၏။ ဖခင်ဖြစ်သူမှာ လက်သမားဖြစ်ပြီး အရက်ကို စွဲစွဲမြဲမြဲ သောက်လေ့ရှိသူ။ အရက်မူးလာလျှင် မဖြူဖြူတို့ ညီအစ်မနှစ်ဦးကို အမြဲရိုက်နှက်သည်။ ပြီးခဲ့သည့်နှစ် မိုးတွင်းကာလညတစ်ညတွင် ညီမနှစ်ယောက် အိမ်ပေါ်ထပ်တွင် အိပ်နေစဉ် ဖခင်ဖြစ်သူသည် မဖြူဖြူကို အဓမ္မပြုကျင့်လေတော့သည်။ ထိုအကြောင်းကို ပတ်ဝန်းကျင်သို့ပြန်ပြောလျှင် ညီအစ်မ နှစ်ယောက်စလုံးကို သတ်မည်ဟု မဖြူဖြူကို ခြိမ်းခြောက်သည်။ ပတ်ဝန်းကျင်ကို မပြောနိုင်စေရန် သူအလုပ်သွားသည့်အချိန်တွင် အိမ်တိုင်တွင် ကြိုးနှင့် ချည်ထားသည်။ တစ်ခါတစ်ရံ ခြေထောက်ကို သံကြိုးဖြင့်…